မောတယ်

လူဖြစ်ရတာ မောတယ်………….

ဒေါသဖြစ်နေရတာမောတယ်……

အသက်ရှူရနေရတာမောတယ်…

အလုပ်လုပ်ရတာမောတယ်……..

ငွေရှာရတာမောတယ်……………

ပြောနေရတာ မောတယ်…………

သည်းခံရတာ မောတယ်…………

ချစ်ရတာ မောတယ်………………

လွမ်းရတာ မောတယ်…………….

မျှော်လင့်ရတာ မောတယ်………..

တွေးရလွန်းလို့မောတယ်………….

ဖြစ်ခြင်တာတွေမဖြစ်လို့မောတယ်..

မဖြစ်ခြင်တာတွေဖြစ်လို့မောတယ်..

စိတ်ညစ်ရလွန်းလို့ မောတယ်…….

အသက်ရှင်ရတာမောတယ်………

ဝမ်းနည်းရတာမောတယ်………..

မောရလွန်းလို့ မောတယ်………..။
မောတယ်………..။
မောတယ်………..။
မောတယ်………..။
မောတယ်………..။

(၂၆.ဝ၂.၂ဝဝ၉)

Published in: on June 6, 2011 at 2:22 pm  Leave a Comment  

မျောလွင့်ခြင်း

လောကကြီးမှာ…ဘာဘဲလုပ်လုပ်
သတိရှိဖို့က အရေးကြီးတယ်….

ရှေးထုံးလည်း မပယ်..
ဈေးသုံးလည်း မလွယ်နဲ့ဆိုပေမယ့်
ရှေးထုံးကိုလည်း ပြစ်ပယ်သင့်ရင်..
ပယ်ရဲရမယ်…

အနာသိရင်ဆေးရှိဆိုပေမယ့်
အနာရှိပြီးဆေးမသိတာတွေကိုရော…
ငါတို့ဘယ်လို လုပ်ကြမလဲ…

အတ္တတွေနဲ့ရေးခြယ်ထားတဲ့ လူတွေရဲ့ သမိုင်း
စုတ်ချက်ကြမ်းကြမ်းနဲ့မို့
တစ်ကြိမ်တစ်ခါတော့ ရာဇဝင်ရိုင်းခြင်
ရိုင်းသွား လိမ့်မယ်….

သူ့အရပ်နဲ့ သူ့ဇာတ်ကနေတယ်
ငါတို့မပိုင်တဲ့ ကကွက်ကို..
ဝင်မကဖြစ်တာကမှ ပိုပြီးကောင်းသေးတယ်..

မြင်နေရတဲ့ မျက်လုံးတွေကိုမှိတ်..
ကြားနေရတဲ့ အသံတွေရဲ့ 
အဝေးဆုံးကိုပြေးပြီး…
ကိုယ့်ခြေထောက်ပေါ်ကိုရပ်…
ဝင်သက် ထွက်သက်..
ပြင်းပြင်း ရှူလို့
ငါဆုတောင်းလိုက်တယ်….
မျက်ရည်အားလုံး တိတ်ပါစေ……
မီးတောက်တွေအားလုံး ငြိမ်းပါစေ….


(၁၈.ဝ၁.၂ဝဝ၉)

Published in: on February 9, 2010 at 4:54 pm  Comments (1)  

မေကြီး (သို့) အမေ…( အမေများနေ့ အမှတ်တရ )

ကျွန်တော့်ကိုမွေးခဲ့တဲ့…အမေ..
သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်…..

ကျွန်တော့်ကိုကျွေးခဲ့တဲ့…အမေ..
သူများအမေတွေထက် အကုန်များခဲ့ရတယ်…..

ကျွန်တော့်ကိုချစ်တဲ့…အမေ..
သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်…..

သားကို သခင်…
လင်ကို ဘုရား ဆိုတဲ့ အမေ….
ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်…

လောကမှာ ကျွန်တော်
တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်…
မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့..
တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး
ရင်ဆိုင်နိုင်ခဲ့တယ်…

အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု
မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ…

အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု
မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ…

ကျေးဇူး အထူးပါမေကြီးရယ်…
အရာရာအားလုံးအတွက်ပါခင်ဗျာ…..

သားကြီးဂတိပေးပါတယ်…မေကြီး
သားအသက်ရှင်နေသမျှကာလပတ်လုံး..
ဒီလောကကြီးထဲမှာ…
မေကြီးဘာအကြောင်းကြောင့်နဲ့မှ
စိတ်ဒုက္ခတွေ သောကဝေဒနာတွေ
ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး…


(၁၀.ဝ၁.၂၀၀၉)

Published in: on January 12, 2009 at 2:05 pm  Leave a Comment  

ဒီလိုပါဘဲ…

dream_peaceဒီလိုပါဘဲ…
အရာအားလုံးဟာ….
ကြာသွားရင်တော့….
အရောင်တွေပြောင်ပြီး…
အိမ်မက်တွေဘဲဖြစ်သွားမှာပါ….


ဒီလိုပါဘဲ…
အရာအားလုံးဟာ….
ကြာသွားရင်တော့….

အမုန်းတွေက…
အရောင်တွေလွင့်…
အရှုံးတွေက…
အရောင်တွေလွင့်…

ဒီလိုပါဘဲ…
အရာအားလုံးဟာ….
ကြာသွားတော့လည်း…
အရောင်တွေလွင့်…
….ရောင်….တွေ….လွင့်….

ရဲရင့်နီ(၂၈.၁၁.၂၀၀၈)
Published in: on January 4, 2009 at 8:50 am  Leave a Comment  

နိုဝင်ဘာ ၂၂ရက်နေ့

464370mbw0hr7njg1နိုဝင်ဘာ ၂၂ရက်နေ့
အဲ့ဒီနေ့ဟာ..မင်္ဂလာရှိတဲ့နေ့
အလှတရားတစ်ခုမွေးဖွားတဲ့နေ့….

သူ့အကျိုး..ငါ့အကျိုး
လူသားတွေအကျိုးကို….
တတ်စွမ်းသမျှ..သယ်ပိုးဖို့..
လူသားတစ်ယောက်..မွေးဖွားလာတဲ့နေ့..

အဖေချစ်တဲ့သား…မွေးတဲ့နေ့..
အမေချစ်တဲ့သား…မွေးတဲ့နေ့..

အဲ့ဒီနေ့ဟာ..
အနေတတ်တဲ့လူ….
အသေမြတ်မဲ့လူ..တစ်ယောက်မွေးတဲ့နေ့

ရဲရင့်နီ
(ညီလေး အလှတရားအတွက်..မွေးနေ့လက်ဆောင်)
Published in: on January 4, 2009 at 7:45 am  Leave a Comment  

လောကဓံရေ… သတိ

burris_life_coach_sathia_narayan_nasa_malaysia

မိုးရွာခြင်သလောက်ရွာ…
နေပူခြင်သလောက်ပူ…
လောကရဲ့ ဒဏ်….
ငါမမှူပါဘူး။

မုန်တိုင်းထန်ခြင်ထန်…
လှိုင်းကြမ်းခြင်ကြမ်း….
ငါ့မှာအသက်ပိုတစ်ချောင်းနဲ့…
မရရအောင်အသက်ဆက်ရှင်နေမယ်။

ပေဖြစ်ရင်တော့ခံ
တူဖြစ်ရင်တော့နှံလို့
ို့ငါကအဲ့ဒီလို
လက်ခံထားခဲ့တာဘဲ၊၊

ဒါပေမယ့်လောကဓံရေ
မင်းကိုငါ
သတိတော့ပေးလိုက်မယ်..
မင်နဲ့ငါစီးချင်းထိုးပွဲမှာ
အရှုံးအနိုင်အဖြေပေါ်တဲ့နေ့
ငါ့အလှည့်ရောက်လာရင်တော့
မင်းမငိုမိပါစေနဲ့။


ရဲရင့်နီ(၁၉.၁၁.၂၀၀၈)

Published in: on January 4, 2009 at 7:13 am  Leave a Comment  

“လတစ်စင်းအတွက်..လူ”

moon031408_3လောကမှာ….
လူဆိုတဲ့သတ္တ၀ါဟာ….
အတ္တအကြီးဆုံးသတ္တ၀ါတဲ့၊၊


ဘာလိုလဲဆိုတော.
စဉ်းစားတွေးခေါ်နိုင်တဲ့…
အသိဥာဏ်ရှိလို့ ပေါ့၊၊

ဒါပေမယ့်လည်း….
ငါဆိုတဲ့လူက…
ငါ့အတွက်ငါမသိ
သူ့ အတွက်ဘဲသိတော့တယ်၊၊

တ္တတွေမရှိ….
ကိုယ့်အတွက်ကိုမသိ
သူ့ အတွက်ဘဲသိတဲ့လူကို..
လူမဟုတ်ဘူးပြောမလား ?

ကိုယ့်အတွက်ကိုမကြည့်
သူ့ အတွက်ဘဲကြည့် တဲ့လူကို..
ရူးတယ်လို့ ဘဲပြောကြမလား ?

တစ်လောကလုံးက
ပြောကြစမ်းပါစေ..
လူမဟုတ်တဲ့လူ
ရူးနေတဲ့သူလို့ ..ငါ့ကို၊၊


လောကကြီးထဲမှာ
မင်းတစ်ယောက်ထဲက
သူ့ တစ်ယောက်တည်းအတွက်
လူဖြစ်နေတဲ့သူလို့ 
သတ်မှတ်ပေးမယ်ဆိုရင်…
ငါကျေနပ်နိုင်ပါတယ်၊၊


ရဲရင့်နီ(၁၀.၂.၂၀၀၈)

Published in: on January 4, 2009 at 6:55 am  Leave a Comment  

“ဆုတောင်း”


ဖြစ်လေရာ..လူဖြစ်တဲ့ဘဝတိုင်း..
မြန်မာမဖြစ်ရပါလို၏….

ဦအောင်ဇေယျရေ….ခင်ဗျားသိမ်းခဲ့တဲ့ယိုးဒယားမှာတော့..
ကျုပ်တို့ မြန်မာတွေ…ကျွန်ခံနေကြရပြီ..

ဒီလေ….ဒီမိုး
ဒီအစိုးရနဲ့ ….ဒီအတိုက်အခံ
အကုန်လုံးက..လိုက်လည်းလိုက်ကြပါပေတယ်။
ဘုန်းကြီးရူးနဲ့ လှေလူး..
ကြောင်ကတွင်းပျက်နဲ့ …ဇရက်တောင်ပံကျိုးတွေသလိုဘဲ…
မင်းသားကြီးကနေတဲ့သူကလည်း…ကလို့ ကိုမပြီးနိုင်..
ပတ်မကြီးဖောက်နေတဲ့သူကလည်း…ဖောက်လို့ ကိုမပြီးနိုင်နဲ့ ..
ကျလည်းကျပါပေတယ်။

ဒီနိုင်ငံရေးဝဲဂယက်ထဲမှာ…….
စီးနေတဲ့သွေးတွေဘယ်လောက်များခဲ့ပြီလည်း….
ပျက်သွားခဲ့တဲ့ဘဝတွေဘယ်လောက်များခဲ့ပြီလည်း….
မဆုံးနိုင်ခဲ့တဲ့ငိုရှိုက်သံတွေကဘယ်တော့မှဆုံးအုံးမှာလည်း……..
မင်းတို့ တွေအဲ့ဒါကိုတောင်နဲနဲမှမတွေးဘူး….
အဲ့ဒီလူတွေက..မြန်မာလူမျိုးတွေပါ၊၊

ပြောတော့…မြန်မာ……..မြန်မာ…….
ဗုဒ္ဓဘာသာ……ဘာသာနဲ့ 
သနားကြင်နာမှုမရှိ..
တရားလက်လွက်နဲ့ ……..
အတ္တကိုရှေ့တန်းတင်ပြီး……
မင်းတို့ လုပ်နေတာတွေကြည့်ပြီး……ငါရင်နာတယ်။
ငါ့ကိုယ်ငါ….မြန်မာလို့ ..
ငါဘယ်သောအခါမှ…မပြောဘူး……
မြန်မာဖြစ်ရတာကို….ငါရှက်လွန်လွန်းလို့ ..။

ရဲရင့်နီ(၁.၉.၂၀၀၈)
Published in: on January 4, 2009 at 4:19 am  Leave a Comment  

တန်ဖိုး


လူတစ်ယောက်ရဲ့  တန်ဖိုးဆိုတာ…
အဲ့ဒီလူရဲ့ မသေခင်အချိန်အတွင်း
လူ့ လောကကြီးအကျိုး
ထမ်းဆောင်မှုကိုပြသွားတဲ့
ပြဒါးတိုင် တစ်ခုပါ။

နဲနဲအကျိုးပြုရင်
နဲနဲတန်ဖိုးရှိမယ်…
များများအကျိုးပြုရင်
များများတန်ဖိုးရှိမယ်…

ဒီမှာဟေ့လူ…..
မင်းသေသွားရင်…
ဝမ်းသာမှုပီတိသောမနတွေနဲ့ ..
ပြုံးပျော်နေတဲ့လူတွေကိုတွေ့ ခြင်တာလား..?

မင်းသေသွားရင်…
မျော်လင့်ချက်တွေပျောက်ဆုံးပြီး
သေတော့မလောက်ဖြစ်နေကြတဲ့လူတွေကိုတွေ့ ခြင်တာလား..?

အရာအားလုံးဟာ….
မင်းရဲ့ တန်ဖိုးပေါ်မှာဘဲမူတည်နေပါတယ်။

ဒီမှာဟေ့လူ…..
မင်းမှာလူ့တန်ဖိုးရှိပါစေ….။

ရဲရင့်နီ

Published in: on January 4, 2009 at 4:14 am  Leave a Comment  

သုည + သုည = တစ်


ငါဟာဘယ်လက်တစ်ဖက်ဆိုရင်
မင်းဟာညာလက်တစ်ဖက်ပါ။

ငါဟာနှလုံးခုန်သံတစ်ချက်ဆိုရင်
မင်းဟာအသက်ရူသံတစ်ချက်ပါ။

ငါဟာရုပ်ဝတ္တုဆိုရင်
မင်းဟာစိတ်ဝိညာဉ်ပါ။

သေချာတာတစ်ခုက
မင်းနဲ့ ငါဟာ
ဘာတစ်ခုမှခွဲခြားလို့ မရ
နှစ်ယောက်ပေါင်းမှ
တစ်ဘဝဖြစ်မှာပါ။

သေချာတာတစ်ခုက
မင်းမရှိရင်ငါမရှိ
နေ့ မရှိရင်ညမရှိသလိုမျိုးပါ။

မင်းမရှိရင်ငါမရှိတဲ့ဘဝမှာ
ငါဆိုတာရှိနေအောင်
မင်းဆိုတာငါနဲ့ အတူရှိနေပေးပါ။

“ရဲရင့်နီ” (၂၃.၀၇.၂၀၀၈)
Published in: on January 4, 2009 at 4:06 am  Leave a Comment  
Follow

Get every new post delivered to your Inbox.